Ad Code

ငွေဝင်အောင် ငွေဖိတ်ခေါ်နည်း - How to invite money to make money


‌ေငွဖိတ်ခေါ်ဖို့အတွက် စဉ်းစားရမှာတွေကအများကြီးရှိနေပါတယ် .... သာမန်ဆိုရင်တော့ ဘာမှစဉ်းစားမနေပဲ ... ငွေ ( ၂င်္လာ ) ကို အဝင်ဓာတ်ဆင်လိုက်ရုံနဲ့ပြီးပါတယ် ... ဒါပေမယ့် ကျနော်ကတော့ အများကြီးထည့်သွင်းစဉ်းစားပါတယ် ... ဒီလိုသေသေချာချာစဉ်းစားခဲ့လို့လည်း ဓာတ်ရိုက်ပညာမှာ အောင်ပွဲခံခဲ့တာလို့ ယုံကြည်ပါတယ် ... ငွေဝင်ချင်တယ်ဆိုတိုင်း ငွေဝင်အောင်မလုပ်နိုင်သေးပါဘူးခင်ဗျာ ... ငွေဝင်ကံရှိနေမှသာ ငွေဝင်အောင်လုပ်နိုင်ပါလိမ့်မယ် ... ရှင်းအောင်နည်းနည်းပြောရရင် ... အိမ်ရှေ့မှာရေကန်ကြီးရှိပေမယ့် သူ့အလိုလိုတော့ အိမ်ထဲကိုရေတွေဝင်မလာနိုင်ပါဘူး ... ရေတွေဝင်လာစေချင်ရင်တော့ မြောင်းဖောက်ပေးမှဖြစ်ပါလိမ့်မယ် ... ဒီလိုပဲ ... ငွေဝင်ကံရှိနေပေမယ့် ကိုယ်ကဝင်လာအောင်
လမ်းကြောင်းမပေးသရွေ့ ငွေမဝင်ပါဘူး ... နောက်တစ်ခုက ငွေဝင်ကိန်းရှိပြီး ငွေဝင်အောင်လမ်းကြောင်းပေးနေတာတောင်မှ ငွေမဝင်တာတွေရှိတတ်ပါသေးတယ် ... ဘာကြောင့်ပါလဲ ... ရှင်းပါတယ် ... ငွေဝင်ဖို့လမ်းတွေကို ကိုယ်ကပြန်ပိတ်ထားလို့ပါ ... ခုကျနော်ပြောနေတာတွေအားလုံးက ဂမ္ဘီရအမြင်တွေနော် ... မရှုပ်ကုန်နဲ့ ... ရှင်းအောင်ဖတ် ... ထပ်ပြောမယ် ... ငွေမဝင်တာဟာ ... ငွေဝင်လမ်းတွေပိတ်ထားလို့လည်းဖြစ်နိုင်ပါတယ် ... ဒီလိုပါ ... မိန်းမထမီတွေဟာ အနိဋ္ဌပါ .. ဒါကို အိမ်ရှေ့ဣဋ္ဌဋ္ဌာနမှာ လှန်းထားရင် လာဘ်ပိတ်တတ်ပါတယ် ... ဒီလိုပဲ ... ဘုရားစင်ဆိုတဲ့ ဣဋ္ဌနေရာမှာ ဘုရားနဲ့မသက်ဆိုင်တဲ့ ပစ္စည်းမျိုးတွေတင်ထားမိလို့ လာဘ်ပိတ်တာတွေ၊ မနက်လေမချွန်ပဲ  .. ညလေချွန်မိလို့ လာဘ်ပိတ်တာတွေ၊ အိမ်နောက်ဖေးက ထမင်းအိုးကို အိမ်ရှေ့မှာထုတ်ယူစားသုံးမိလို့လာဘ်ပိတ်တာတွေ ... ပြောရရင်တော့ အများကြီးပေါ့ ... ဒီတော့ ငွေဝင်အောင်ဖိတ်ခေါ်တဲ့နေရာမှာ ဒါတွေကိုထည့်သွင်းစဉ်းစားဖို့လိုပါတယ် ... ကိုယ်စီရင်မယ့်ဓာတ်က အစွမ်းနည်းနေရင် ( ဝါ ) ငွေဝင်လမ်းပိတ်ဆို့တဲ့ဓာတ်ကိုမှမရှင်းနိုင်ရင် ထင်သလောက်မစွမ်းတော့ပါဘူး ... ဒါကိုအထူးဂရုစိုက်ရပါမယ် ... ဗေဒင်မေးသူဆိုတာ ... ပညာကိုသိချင်တာထက် ပညာရဲ့အကျိုးကိုခံစားချင်တာများပါတယ် ... ဟောရင်မှန်မှ ... လုပ်ပေးရင်စွမ်းမှ ... ။ ဒီတော့ ... ပေးသူ ဆရာက သူတို့ရဲ့အားနည်းချက်တွေကို ပိုင်ပိုင်နိုင်နိုင်အရင်ရှာပြီးစီရင်နိုင်ရပါမယ် ... လွယ်တော့မလွယ်ဘူးပေါ့ ... မေးသူဟာ လာဘ်ပိတ်စေတဲ့အရာတစ်ခုခုလုပ်ထားနိုင်ပါတယ် ... ဆရာကခန့်မှန်းရမှာပါ ... မခန့်မှန်းနိုင်ရင် ပေးတဲ့ယတြာဟာအဆင်မပြေတာများမယ် ... ခန့်မှန်းနိုင်ရင် ပေးတဲ့ယတြာထိရောက်ပါမယ် ...  ပြောနေကြာပါတယ် ... ငွေဖိတ်ခေါ်ဖို့ ငွေဝင်ကံရှိမရှိ အရင်တွက်လိုက်ပါဦး ... ပြီးရင် ဘယ်လောက်လာဘ်ပိတ်နေပါစေ ... ပွင့်အောင်ဖွင့်နိုင်တဲ့ အောက်ပါနည်းလမ်းကိုသုံးလိုက်ပါ ...
အသက်မှန်ကို ၄ နဲ့မြှောက်ပါ ... အရေအတွက်အတိုင်းမုန့်လုံးရေပေါ်လုံးပါ ... ပြီးရင် ကြွေပန်းကန်တစ်ချပ်ထဲ အင်ဖက်ခင်းပြီး မုန့်လုံးရေပေါ် ၁၀ လုံးထည့်ပါ ... ကျန်တာကိုတော့ ဝေလိုေ၀ ၊ စားလိုစားပါ ... အဲဒါကို တနင်္လာနေ့ မနက် ၉း၄၅ မှာလှူပေးရပါမယ် ... တစ်လတခါလုပ်ကြည့်ပါ ... လှူထားတုန်းခဏမှာ ဒိဝါတပတိဂါထာရွတ်တာတို့ဘာတို့ လုပ်ချင်လုပ်ပေါ့ ... ဘယ်လောက်ထိရောက်သလဲဆိုတာကတော့ ... လုပ်ကြည့်မှသိပါလိမ့်မယ် ... ငွေကြေးအဆင်ပြေကြပါစေ ...

There are a lot of things to think about in order to invite money....normally, I don't think about anything...I just put in the money (2 Mondays)...but I put a lot of thought into it...I believe that I have succeeded in photography because I have thought carefully about this...even if I want to make money, I still can't make money...only if I am lucky enough to make money...just to be clear...there is a big lake in front of the house, but by itself. Water can't come into the house... If you want water to come in, you'll have to dig a drain... Similarly... even if you have money, let it come in.
As long as you don't give a path, you won't make money... The other thing is that even if you give money and give a way to make money, there are still people who don't make money... why... it's clear... because you have blocked the way to make money... all I'm talking about now is a mystical view... don't get confused... read it clearly... I'll say it again... making money... it's also possible that the ways to make money are closed... It's like this... the women who use it in the front of the house are often bribed if they put it in the front of the house. No whistling in the morning. If you take out the rice pot from the back of the house and eat it in front of the house, you will be bribed. So... the teacher who gives must be able to find and judge their weaknesses first... It's not easy... The questioner may have done something to close the bribe... The teacher must predict... If you can't predict, the offering will be inconvenient. Use the following method...
Multiply the correct age by 4 ... float the dough according to the number ... then spread it evenly in a ceramic plate and put 10 dough balls on the float ... divide the rest into 0, I want to eat it... I have to donate it on Monday at 9:45 a.m.... Try doing it once a month... While donating, what do you want to do with reciting the Diwata Pati Gatha... How effective it is... You will know when you do it... May you be financially comfortable...

Post a Comment

0 Comments

Close Menu