(၁) ကျီးမနားထန်းရွက်ပီယအစီအရင်
မိမိလိုသော သူ၏နံကို ထန်းရွက်တွင်ရေးပါ။ မီးဖုတ်၍ပြာကို ထမင်းနှင့်နယ်ပြီး
" ဥုံ မောဂတော သွာဟယျ သွာဟယျ
ဥုံ ဗန္ဓတု မဟာဗန္ဓတု
ဥုံ ဆေးစု သွာဟယျကပ် ပုပ္ပတ္တသွာဟယျကပ် "
၃၇ အုပ်စုတ် ကျွေးလေ။ မယုံလျှင် ခွေးကိုကျွေးမမြင်ရမနေနိုင်ပါ ။ ။ နေ့နံဆိုတာ ၁၂၃၄၅၆၇ စတဲ့ဟာပါ။ ထန်းရွက်မှာခဲတံနှင့်ရေးရမှာပါ။ တနင်္ဂနွေဆိုရင် (၁) ၊ တနင်္လာဆိုရင် (၂)ပါ။(၂) ချစ်ကြိုက်သူလာစေသောစီရင်နည်း မိမိအလိုရှိသူနှင့် အဆင်းနံတူ အရုပ်ထုပါ။
" ဥုံ တုလောညောင်တု လောသိတ်
ဥုံ ဣတ္ထိ သရတောင် နာရိညောင် ဧဟိ ဧဟိ ကပ် "
၃၇ အုပ်စုတ်။ လင်္ကျာခါးစောင်းအောက် ပက်လက်ထား လာ၏။ ။
(၃) မိမိစားသောက်ဖွယ်ရာကို လာစားမိလျှင် ချစ်စေသော ပီယမန္တန်
" ချောင်ကလိအောင် ကူရူဖရာန "
ဤမန္တန်နှင့် မိမိစားသောက်စရာများကို မန်းထားပါက လာစားမိသမျှချစ်ခင်၏။ ။
(၄) မိန်းမလာစေသော စီရင်နည်း
ရေလုံအိုးကွဲတွင် မိန်းမအမည်နှင့်နေ့နံကို ကွမ်းဦးရေနှင့်ရေးပါ။
" ဥုံ ဣတ္ထိ ညောင်ကပ် တိတ်တိတ် "
၃၇ အုပ်စုတ်၍ပက်လက်ထားလေလာ၏။ ။
(၅) အလွယ်နတ်တိုက်ပီယ စီရင်နည်း
မဆစ်လက်ဖက် မဆစ်ဆီကို ဝယ်၍
“ ဥုံ အာဘန္တော အာနန္ဒော ဒေဝမနုဿာနိ ပီယံဟုတုံ သဗ္ဗဒေဝတာ ဝတာမိ သဗ္ဗသော ”
၃၇ အုပ်မန်းလေ။ နတ်စင်ပျက်မှာ အကာအရံမရှိသည့်ဟာတွင် မိမိကြိုက်သော မိန်းမ၏နေ့နံ ကိုယ့်နေ့နံ ကို
တိုင်တည်ပြော၍ ဆုတောင်းပြီး တိုက်လေ။ ပြီးလျှင် ပြန်၍မကြည့်ရ။ အပြီးတိုင်သည်။
(၆) ကွဲကွာနေသောလင်မယား ပြန်လည်၍ ချစ်ခင်စေသော ပီယလိပ်ရုပ်စီရင်နည်း
ဆန်မှုန့်နှစ်ကျပ်သားကို မုန့်ညက်ထောင်း၍ လိပ်ဖိုတစ်ခု ၊ လိပ်မတစ်ခု ပြုလုပ်ပါ ။
အဖိုလိပ်ရုပ်အတွက် ဥုံ နေမင်းသွေးသား နတ်ယောင်္ကျား ချင်းဆရာချင်း
အမလိပ်ရုပ်အတွက် ဥုံ နဂါးသမီး ဇသီးမည်လျှ နတ်မိန်းမ ချင်းဆရာချင်း
ထိုမန္တန်အသီးသီးကို လိပ်ရုပ်၏စလုပ် ဝမ်းတွင်းထည့်ပါ။
အဖိုမှာ ယောင်္ကျားနံထည့်ပြီး အမမှာ မိန်မနံထည့် မန္တန်ကို ၇ အုပ်ဆီစုတ်ထား။
လမ်းဆုံမှာ ခေါင်းခြင်းဆိုင်မြှုပ်ထားပါ။ ပြန်လည်၍ချစ်ခင်ပေါင်းဖက်စေသည်။ ။
(၇) ချစ်သူပြန်လာစေသော ဖယောင်းတိုင်
မိန်းမအရုပ်ကို ပေတွင်ရေး။ နံရိုက်ထည့်ပြီးမန္တန်ရံလေ-
“ ဥုံ ဗုဒ္ဓရတနာ ဓမ္မရတနာ သံဃရတနာ ဗုဒ္ဓစကြာ ဓမ္မစကြာ သံဃစကြာ အာဂစ္ဆန္တု အဟိပတ္တံ။
ဥုံ ဆေးစုပုပတ္တ သွာဟာ ”
ချည်မျှင် ၇ မျှင်ကိုခေါက်၍ ဖယောင်းတိုင်လုပ်ပြီးလျှင် တန်ခိုးကြီးဘုရား၌ ပေရုပ်ပေါ်တွင် ဆီမီးညှိကာ
မန္တန်ကိုလည်းရွတ်ဆိုထွန်းလေ။ ဆီမီးသေလျှင်လာသည်။ ပေရွက်မရှိပါက ထန်းရွက် ၊ မိုင်းခံစက္ကူဖြင့် ဉာဏ်ကစားကာ အသုံးပြုကြပါ။ မီးမငြိမ်းမချင်းရွတ်ရပါသည်။
မှတ်ချက်။ ။ဤပညာသည် ရှေးကဆရာကြီးများ သမားဂုဏ်ပြသောအတတ်ထဲ၌ ပါဝင်ပါသည်။ ဆရာ့ကိုယ်တွေ့အရပြောရလျှင်တော့ ၉ ရက်အတွင်းပြန်ရောက်လာပါသည်။
(၈) သူရဿတီ သျှို့စီရင်နည်း
“ ဥုံ သူရဿတီ ယာဝဇီဝံ မမသီသေ စီရံတိဋ္ဌတု ဘုဉ္ဇာနာ ”
ဤမန္တန် နှင့် ထမင်း ၇ ဆုပ် ရေတစ်ခွက် ကွမ်းတစ်ရာ မန်း၍ ၇ ရက်ပြည့်အောင် စားပါက သျှို့သုံးပါးအောင်မြင်သည်။ သျှို့သုံးပါးဆိုတာက ရာဇ သဗ္ဗ ဣတ္ထိ ပါ။ (၃၇)အုပ် ရွတ်ဆိုရမှာပါ။
(၉) နံ့သာပီယ မန္တန်
“ သုသိက္ခိသတ္တာနပရိသွာဟယျကပ် ” နံ့သာကိုမန်း၍ မျက်စိကိုကွက် မျက်ချစ်ပီယနည်းဖြစ်ပါသည်။
“ ဥုံ အက္ခရာချာချုပ် ” နံ့သာကိုမန်း၍လိမ်း သျှို့ပီယနည်းဖြစ်ပါသည်။
(၁၀) မိန်းမ ယောင်္ကျား ပီယ နည်း
နက္ခတ် ကောင်း၌ ခဲမဖြူမှာ မိန်းမ ယောင်္ကျား လည်ဖတ်နေဟန် ရေးပါ။ မိန်းမနံကို ယောင်္ကျားမှာရေး ယောင်္ကျားနံကို မိန်းမမှာရေးပါ။ အရံ အစုတ် ပြုလုပ်ရမည့် မန္တန်ကား -
“ ဥုံ ဆရာရိန တကွသမိုင် ပဉ္စနာရိ ကပ် ဆရာ ကပ် ”
မီးမှာ အုံလေ လာစေ ချစ်စေသည်။
(၁၁) အိမ်မြှောင်ပီယ လိုသူရ စီရင်နည်း
အိမ်မြှောင်ကို အူအသဲထုတ်၍ နံသွင်းအစာသွတ် အမှုန့် ပြုလုပ်ထားပြီး “ ဥုံ ဥဘတု သွာဟာ ” ဟူ၍ ၃၇ အုပ်မန်း ထားလေ။ လိုသောအခါ စားသောက်ဖွယ်တွင် ရင်သွေးနှင့်ခပ် တစ်သက်လုံး ချစ်သည်။ သစ္စာရှိပါစေ။ အစာသွတ်ဆိုတာကတော့ လိုသူ အမည်ကို မှိုင်းကိုင်စက္ကူမှာ ရေးပြီး သွင်းခိုင်းတာပါ။ ရင်သွေးဆိုတာမိမိ ဝဲဘက်ရင်အုံက သွေးကိုပြောတာပါ စတိ ပါပဲ။
(၁၂) အမျိုးသမီးများအတွက်ပန်းမန်းပီယ
ပန်းသုံးပွင့်ကို လက်မှာကိုင်၍ “ ဥုံ သိန္ဒေဟံ ဣတ္ထိစိတ္တံ ပီယံ မမ ဒေဝီစိတ္တံ ပီယံမမ သူရဿတီရှင်ဒေဝီ ခြင်းဆရာခြင်း ကပ်ဆရာကပ် ” ၃၇ အုပ်မန်းပါ။ ၂ ပွင့်ဘုရားတင် ။ ၁ ပွင့်ကိုပန် ။
ကောင်လေးတွေ ဝိုင်းနေပါလိမ့်မည်။ ။ တစ်ခါလုပ်ရင် တစ်ရက်ပဲစွမ်းတယ်။
(၁၃) ကုက္ကိုခေါက် သရက်ခေါက်ပီယအစီအရင်
ကုက္ကိုခေါက်ကို စနေနေ့တွင်ခွာယူ မိန်းမနံရေး ။ သရက်ခေါက်ကို အင်္ဂါနေ့တွင်ခွာယူ ယောင်္ကျားနံရေး။
နံချင်းထပ်မိအောင် ထပ်။ ချည် ၇ မျှင်ရစ်ပတ်။ “ ဥုံ စိတ္တံ စိတ္တံ ကရံက သုညံ သုညံ ဧဟိ ဧဟိ အာဂစ္ဆန္တု သွာဟာယျကပ် ” ၃၇ အုပ်စုပ်။ လမ်းလေးခွမှာ မြှုပ်ပါ။ ချစ်စေသည်။ လာစေသည်။ ဉာဏ်ရှိသလိုသုံးနိုင်၏။
နံချင်းထပ်မိအောင်ဆိုတာ နံနှစ်ခုကို တည့်တည့်ထပ်မိအောင် မျက်နှာချင်းဆိုင်ထားခိုင်းတာပါ။ နံဆိုတာက နံမည်မဟုတ်ပါဘူး ။တနင်္ဂနွေဆို ၁ ၊ တနင်္လာဆို ၂ စသည်ဖြင့်ပါ။ ။
(၁၄) သူရဿတီဆီမီးမှော်စီရင်နည်း
၁။ ကိုယ်လက်သန့်စင်ပါ
၂။ မယ်တော်ရှေ့တွင်ဖယောင်းတိုင်တတိုင်ထွန်းပါ ။
၃။ “ ဥုံ သီရိမံ အလွန်လှဘိ သီရိမြတ်လှ ထွန်းပညိုအင်မိသခင် သက်ပေဆရာ သက်ပေ လာစေဆရာ
လာစေ လျှင်စေဆရာ လျှင်စေ ” ၃၇ အုပ်စုပ်၍ ပင့်ခေါ်ပါ။
၄။ “ ဥုံ သူရဿတီ မမ ဒေဝ နနောနနော ” ၃၇ အုပ်ချုပ်ပါ။
၅။ “ ဥုံ နရဒေဝါစ ဗြဟ္မဏော ယက္ခဒေဝါစ ဂဠုဠော ဧတံစိတ္တံ ပီယံ မမ နတ္ထိပီယံ သိန္နေပီယံ ”
မီးမငြိမ်းမချင်းရွတ်ရမည်။ ။
၆။ “ ဥုံ သီရိမံ အလွန်လှဘိ သီရိမြတ်လှ ထွန်းပညိုစင် မိသခင် ငါ့ကိုကျင်သည် မိခင်မယ်လျှ အိုနှမ
နှမမနေ သွားပါချေလော့ သွားလေရာရာ ငါ့ကိုသာ လာလျှင်အောင် အသင့် ဆိုပါနှမ အောင်ခြင်း အောင်မှု အောင်စေဆုယခု ငါ့ကိုပေးစေသတည်း ” ၃၇ အုပ်မန်း လိုရာစေလေ။ ။
၇။ လိုရာရပါလိမ့်မည်။ ။
(၁၅) ဆရာသောက်ခဲ့သောပီယဆေးလိပ်စီရင်နည်း
ဂြိုဟ်စာကျွေးသောဖက်ကိုနံ့သာဖြူသွေး၍ဆေးဖတ်ကိုတောက်ပြီးမှလိပ်ပါ။ ပြီးလျှင် - “ ဥုံ နေမင်းသူရိယာ လမင်းစန္ဒာ ဗြဟ္မာမြေထက် ရွရွသက် အယံ ပီယံမမ
ဥုံ သူရဿတီ စန္ဒီမယ်လျှ နတ်မိန်မ ချဉ်းဆရာချဉ်း ကပ်ဆရာကပ် ” ၃၇ အုပ်စုပ်ပါ။ အလိုရှိသော
အမျိုးသမီးတွေ့လျှင် လေတင်ကအငွေ့လွှတ် ။ သောက်စေနိုင်လျှင် သာ၍ကောင်းသည် ။
အလွန်ချစ်ခင်၏။ မမြင်ရမနေနိင်ပေ။ လင်ရှိမယား ရှောင်ပါလေ။ ။ ဂြိုဟ်စာကျွေးတဲ့ဖက်ဆိုတာက
တနည်းအားဖြင့် ယတြာချေတဲ့ အခါမှာ အသုံးပြုတာရှိတယ်။ ခေါစာပစ်တဲ့အခါမှာ အသုံးပြုတာရှိတယ်။ အနီးနားမှာရှိတဲ့ လူကြီးသူမများကိုမေးကြည့်လိုက်ရင်ပိုပြီးရှင်းပါလိမ့်မယ်။ ဆေးဖက်တောက်တယ်ဆိုတာကတော့
နံ့သာရေနဲ့ဖြန်းခိုင်းတဲ့သဘောပါ။
(၁၆) သူရဿတီသနပ်ခါးစီရင်နည်း
ရက်ကောင်း ရက်သာကြုံကြိုက်သော သန်းခေါင်ယံအချိန်တွင် ကွမ်းယာ ပန်းတစ်ပွင့် လဘက်တစ်ထုပ်
မီးတစ်တိုင် ပူဇော်၍ သူရဿတီနတ်သမီးကို ပင့်ဖိတ်ပါ။ပြီးနောက် သနပ်ခါးကို - “ ဥုံ သူရဿတီ
သင့်ညီကျော်ထင် မွေးမိခင် လိုအင်များစွာ လူတကာကို မေတ္တာချစ်ဆေး မယ်ကသွေး၍ ပေးပါလော့ ကျွန်ုပ်ကိုယ်တွင် လိုရှိလျှင်လည်း ထင်ထင်တပ်တပ် မတ်တတ်လူလို ချစ်ကြည်ညို၍
စိတ်လိုရှိသမျှ ခဏနတ်ရှင် မွေးမိခင် ထင်ထင်နေ့တိုင်းပေးပါလော့
ဣစ္ဆိတံ ပတ္တိတံ တုယှံ ခိပ္ပ မေဝ သမိစ္ဆန္တု စိရံပါလယန္တု ” ရွတ်၍သွေးပါ။ ထို့နောက်
သနပ်ခါးကို ရွေးကြီးခန့်လုံး၍စားပါ။ ထိုမှကျန်သော သနပ်ခါးကို ရေမွှေးနှင့်ရော၍ဆောင်ပါ။ဇဗ္ဗထိ ပြီး၏။
မှတ်ချက်။ ။ စီရင်သောကာလတွင် သက်သတ်လွတ်
ထမင်းများကိုသာစား၍ ခုနှစ်ရက် ခုနှစ်လီ ပြုလုပ်ပါက ပိုမိုထူးခြားမှုကို လက်တွေ့သိပါလိမ့်မည်။ ။
(၁၇) ဆရာမြစလွယ်အသုံးပြု၍ အောင်မြင်ခဲ့သော ဗူးလက်မောင်းပီယ
ဗူးလက်မောင်းကိုလက်ညှိုးပေါ်တင်ပါ။ ပြီးလျှင် “ ဥုံ ကာယမတ္တံ ဇီဝကံ ဒိန္နံ ဒိန္နံ ဒဿန္တု
သူရဿတီ အမည်ရှိသော ဒေဝတာနတ်သမီးသည် သြောင်း ဂါမန္တု ဂါမန္တု ငါဆောင်တိုင်း
ဆောင်တိုင်း အောင်စေသတည်း” ဟုရွတ်ပါ။ လက်ကိုရစ်လာလိမ့်မည်။ထိုအခါ ယူ၍ဆေးလိပ်ထဲထည့်၍ အငွေ့လွှတ် အငွေ့သွားသမျှချစ်ခင်စေ၏။ ။
(၁၈) ပီယလေးတော်စီရင်နည်း
မြင်းအထီးအမ ရဲ့ အမြှီးကိုပြောင်းပြန်ကျစ် ထင်းရူးသားကို လေးငယ်ပြု လေးတွင်မိန်းမနံရေး၍
“ ဥုံ စုံစီ ပမောက္ခီ ပန်းနီချင်လျှင်း ပန်းအင်ကြင်း အိမ်ညကြင်းလျှင်း ချင်းမျက်နှာ ကြင်ရာသို့ကပ် ”
ဤမန္တန်ကို စုပ်လေ။လာစေလိုသော်တင် ပြန်စေလိုသော်လျှော့။သုံးကြလေသော်။ ။
ဆရာကြည်လင်းသစ် (မြစလွယ်)
1 Comments
မဆစ်ဆီနဲ့ မဆစ်လက်ဖက်ဆိုတာ ဘယ်လိုဆီနဲ့လက်ဖက်တုန်း ဆရာရေ ကျေးဇူးပြု ပီး ဖြေကြားပေးပါဦးခင်ဗျာ
ReplyDelete