Ad Code

ရေကြီးမှုဒဏ်မှ ကာကွယ်ခြင်းမှော်အစီအရင်

                   မြန်မာနိုင်ငံရဲ့ သုံးပုံတစ်ပုံနီးပါးခန့်ဟာ လက်ရှိအချိန်မှာ ရေဘေးဒုက္ခဒဏ်များကို အလူးအလဲခံစားနေကြရပြီး မကြာမီရေကြီးဖို့သတိပေးထားတဲ့ မြို့နယ်တွေ၊ ကျေးရွာတွေလည်း အများကြီးကျန်နေပါသေးတယ်။ ဒီတော့ မိမိတို့ဒေသရေကြီးတော့မယ် မိုးရွာတော့မယ်လို့ သတိပေးခံထားရရင် အောက်ပါဂါထာလေးနဲ့ မိုးတားလို့ရပါသေးတယ်။ လုပ်ရမယ့်နည်းကတော့ ကောင်းကင်ကိုကြည့်ကာ လက်နှစ်ဖက်ကိုမြောက်ထားပြီး အောက်ပါမန္တန်ကို မိမိစိတ်ပါသလောက်ရွတ်ပါ။

"Gods of power, gods of might

I bid you now, stop this plight

stop the rain we need no more,

let it fall, nevermore."

                   မိုးကတိတ်သွားတယ်ဆိုပေမယ့်လည်း ဆည်ရေတွေ မြောင်းရေတွေ ချောင်းရေတွေလျှံလာတော့မယ်ဆိုရင်တော့ မိမိအိမ်အနှံ့ တစ်ခန်းမကျန်ကို ဆားရည်များနဲ့လိုက်လံပက်ဖြန်းပြီး အောက်ပါမန္တန်ကို ဖြန်းမပြီးမချင်းရွတ်ဆိုပေးပါ။

"Water of river, water of sea. Brigid, Holle, Astarte, keep harm from me."

                 ရွတ်ဆိုနေတဲ့အချိန်မှာ အဖြူရောင်အခိုးအငွေ့များဟာ နာရီလက်တံအတိုင်း မိမိအိမ်စည်းတစ်ဝိုက် ရစ်ဝိုင်းကာ ကာကွယ်ပေးလာနေတယ်လို့ စိတ်ထဲမှာယုံကြည်ထားပါ။ အဖြူရောင်အခိုးအငွေ့များဟာ စွမ်းအားပြည့် ကာကွယ်ခြင်းစွမ်းအင်များပင်ဖြစ်ကြပါတယ်။

ကာရှိုင်း (ကြယ်စင်ချစ်သူ) KCB Center

MagicNexus

Post a Comment

0 Comments

Close Menu