Ad Code

မှော်တုတ်တံနှင့်စွမ်းအင်စုစည်းခြင်းအစီအရင် (Magic wand and energy gathering plan)


By putting energy into a wand, your wand is part of your body, so that energy will become attached to you. The more energy the wand has, the more likely your plans that work with the wand will be successful.
 The time to gather energy is the night of the full moon. The place to do it is in a quiet, well-lit, fairly large open space with earth. To begin planning, draw a circle of five-pointed stars on the ground about five feet in diameter, and light a candle at each corner of the star. After lighting, place yourself inside the center of the five-pointed star circle. Step in and slowly wave your magic wand, raising it towards the moon. During this wave, trust that a vortex is forming in the direction you are waving, and that vortex is flowing energy into your wand. From waving slowly, gradually increase the speed. Chant the following mantra as the wand wave increases. While reciting, from the sky There will be a constant flow of energy from the moon. You just have to trust the flow. Without confidence, even your mind can ruin the flow path.
 At the time of the fastest wave, the following western mantra must be recited. No matter how many times you have to recite it. He should recite as long as he can.

မှော်တုတ်တံတွင် စွမ်းအင်ထည့်ထားခြင်းအားဖြင့် သင့်မှော်တုတ်တံသည် သင့်ခန္ဓာကိုယ်အစိတ်အပိုင်းပင်ဖြစ်သောကြောင့် ထိုစွမ်းအင်များသည် သင်နှင့်ပတ်သတ်နေပေလိမ့်မည်။ မှော်တုတ်တံတွင် စွမ်းအင်များများရှိလေ မှော်တုတ်တံနှင့်အလုပ်လုပ်သော သင့်အစီအရင်များ အောင်မြင်နိုင်ချေပိုများလေလေပင်ဖြစ်သည်။


            စွမ်းအင်စုစည်းမှုလုပ်ရမည့်အချိန်ကား လပြည့်နေ့ညအချိန်ပင်ဖြစ်သည်။ လုပ်ရမည့်နေရာကား လူခြေတိတ်ဆိတ်ပြီး လရောင်ကောင်းစွာရကာ မြေသားအခံရှိသည့် အတော်အတန်ကျယ်ဝန်း သည့်မြေတလင်းပြင်တွင်ဖြစ်သည်။ အစီအရင်စတင်ရန်အတွက် ငါးပေခန့်အချင်းရှိ ငါးထောင့်ကြယ်စက်ဝိုင်းကို မြေပြင်တွင်ဆွဲသားလိုက်ကာ ဘေးကြယ်ထောင့်တစ်ခုစီတွင် ဖယောင်းတိုင်တစ်တိုင်စီ ထွန်းညှိလိုက်ပါ။ ထွန်းညှိပြီးနောက် သင်ကိုယ်တိုင် ငါးထောင့်ကြယ်စက်ဝိုင်းအလယ်ဗဟိုအတွင်းသို့ဝင်ပါ။ ဝင်ပြီး သင့်မှော်တုတ်တံကို လဆီသို့ ချိန်မြှောက်ကာ သင့်မှော်နှင်တံကို ဖြည်းညင်းစွာဝှေ့ယမ်းပါ။ ထိုသို့ဝှေ့ယမ်းနေစဉ်အတွင်းတွင် သင်ဝှေ့ယမ်းနေသည့်လမ်းကြောင်းအတိုင်း ဝဲကတော့ ပုံစံတစ်ခုဖြစ်ပေါ်နေပြီး ထိုဝဲကတော့မှ သင့်မှော်တုတ်တံထဲသို့ စွမ်းအားများစီးဆင်းနေသည် ဟုယုံကြည်ထားပါ။ ဖြည်းညင်းစွာဝှေ့ယမ်းရာမှ ဖြည်းဖြည်းချင်း အရှိန်ကိုမြှင့်လိုက်ပါ။ မှော်ထုတ်တံဝှေ့ယမ်းမှုအရှိန်များလာသောအခါတွင် အောက်ပါမန္တန်အားရွတ်ဆိုပါ။ ရွတ်ဆိုနေချိန်တွင် ကောင်းကင်မှ၊ လမင်းဆီမှ စွမ်းအင်များ အဆက်မပြတ်စီးဆင်းနေပါလိမ့်မည်။ ထိုစီးဆင်းမှုကို သင်ယုံကြည်ထားဖို့သာလိုသည်.။ ယုံကြည်မှုမရှိပါက သင့်စိတ်ကြောင့်ပင် စီးဆင်းမှုလမ်းကြောင်းပျက်စီးသွားနိုင်သည်။
            ထိုသို့ ဝှေ့ယမ်းမှုအမြန်ဆုံးအချိန်ရောက်ရှိနေချိန်တွင် အောက်ပါအနောက်တိုင်းမန္တန်ကိုရွတ်ဆိုနေရမည်။ မည်ရွေ့မည်မျှရွတ်ဆိုရမည်တော့မဟုတ်ပါ။ မိမိ တတ်အားသရွေ့ စိတ်ပါသရွေ့ရွတ် ဆိုရမည်။
            "Terra,Ignis,Aqua,
all three,
elements of astral I summon thee ,
Earth by Divinity, Divinity by Earth,
give the enemy the power to see,
The strength of the elements by my side,
No rules magic I shall abide,
now when my enemy meets his downfall,
this spell will have no power left at all,
in no way shall this spell reverse or place upon me any curse
so mote it be. "
            ထိုသို့ရွတ်ဆိုပြီးနောက်မှာ သင့်မျက်လုံးကိုမှေးစင်းကာချ သင့်မှော်တုတ်တံကို သင့်နဖူးနဲ့တစ်စက္ကန့်ခန့်ထိကာ စိတ်ကိုလျှော့ထားပြီး မျက်လုံးကိုပြန်ဖွင့်ပါ။ ပြီးနောက် ဖယောင်းတိုင်များအားလုံးကို မီးမှုတ်၍ အစီအရင်ကိုရုတ်သိမ်းပါရန်။
After reciting that, close your eyes, touch your magic wand to your forehead for about a second, relax and open your eyes again. After blowing out all the candles, remove the plan.
MagicNexus

Post a Comment

0 Comments

Close Menu