Ad Code

ချစ်သူအတွက်မှော်သေတ္တာလက်ဆောင်စီရင်နည်း (How to judge a magic box gift for a lover)

                

  အနောက်တိုင်းမှော်ပညာရှင်တွေ အသုံးပြုကြလေ့ရှိတဲ့ အချစ်မှော်သေတ္တာစီရင်နည်းပဲ ဖြစ်ပြီး ချစ်သူကိုလက်ဆောင်ပေးဖို့အတွက်အသုံးပြုကြပါတယ်။ ဒီသေတ္တာကိုလက်ဆောင်ပေးခြင်းအားဖြင့် သူ့ရဲ့ကိုယ့်အပေါ်ချစ်တဲ့အချစ်တွေ ပိုမိုခိုင်မြဲလာကာ နှစ်ဦးသားချစ်ခြင်းသက်တမ်းလည်း ရာသက်ပန်တည်စေနိုင်မှာပဲဖြစ်ပါတယ်၊

                သေတ္တာကတော့ မိမိနှစ်သက်ရာသေတ္တာပုံးလေးနဲ့စီရင်ရမှာဖြစ်ပြီးတော့ သေတ္တာပုံးကို မိမိချစ်သူနှစ်သက်မယ့်ပုံစံနဲ့ ဖဲကြိုးလေးများတပ်ဆင်ခြင်း၊ အသည်းပုံလေးများပြုလုပ်ခြင်း အရုပ်လေးများကပ်ခြင်းတို့ကို မိမိနှစ်သက်သလိုပြုလုပ်နိုင်ပါတယ်။ သေတ္တာကို မိမိစိတ်ကြိုက်ပြင်ဆင်ပြီးသွားပြီဆိုရင်တော့ သေတ္တာထဲမှာထည့်ဖို့ အချစ်နဲ့ပတ်သတ်တဲ့ လက်ဆောင်ပစ္စည်း(၉)မျိုးကို ရှာဖွေရပါမယ်။ ဥပမာအားဖြင့်ပြောရရင်တော့ အချစ်ကဗျာစာအုပ်လေးတွေ၊ စုံတွဲလေးတွေရဲ့ချစ်စဖွယ်ဓာတ်ပုံလေးတွေ၊ သူ့အတွက်အမှတ်တရဖြစ်စေမယ့် ချစ်သက်လက်ဆောင်လေးတွေစသဖြင့် (၉)မျိုးပြည့်အောင်ရှာဖွေရပါမယ်။
                  အခုသေတ္တာပြုလုပ်ဖို့ ပြင်ဆင်ခြင်းအပိုင်းကိုပြောပြီးနောက်မှာ စီရင်ခြင်းအပိုင်းကို ဆက်လက်လုပ်ဆောင်ကြရမှာဖြစ်ပါတယ်။ စီရင်ခြင်းအပိုင်းမှာတော့ ကိုယ့်ကိုဘယ်သူမှ မနှောင့်ယှက်နိုင်တဲ့အချိန် အေးဆေးဆိတ်ငြိမ်တဲ့နေရာလေးတစ်ခုမှာ ကိုယ့်ရဲ့မှော်စားပွဲကိုစီရင်ပါ။ မှော်စားပွဲမစီရင်တတ်ဘူးဆိုရင်တော့ စားပွဲအလွတ်တစ်လုံးပေါ်မှာ သေတ္တာအလွတ်လေးကိုတင်ပါ။ သေတ္တာရဲ့ ဘယ်ဘက်မှာ အနီရောင်ဖယောင်းတိုင်ထွန်းပြီး ညာဘက်မှာအပြာရောင်ဖယောင်းတိုင်ထွန်းပါ။ ဖယောင်းတိုင်မီးတောက်လောင်နေတဲ့အချိန်မှာတော့ အချစ်ပစ္စည်း(၉)မျိုးကို အချစ်ဓာတ်သွင်းပြီး သေတ္တာထဲကိုထည့်ပါမယ်။ ပစ္စည်းတစ်မျိုးကိုစပြီးမှော်စားပွဲပေါ်မှာတင်ပါမယ်။ ထင်ပြီးနောက် သင့်မျက်စိများကို မှိတ်ချလိုက်ကာ သင်နဲ့သင့်ချစ်သူ ပန်းပေါင်းစုံဖူးပွင့်နေတဲ့ ပန်းခင်းကြီးထဲမှာ ပြေးလွှားပျော်ပါးနေပုံကိုမြင်ယောင်ကာ သင့်ချစ်သူကိုနမ်းတယ်လို့စိတ်ကူးကာ လက်ဆောင်ပစ္စည်းကိုနမ်းလိုက်ရင်း သေတ္တာထဲထည့်ပါ။ ကျန်ပစ္စည်းများကိုလည်း ထိုသို့လုပ်ရမှာဖြစ်ပြီး ပစ္စည်းများကုန်သွားပါက သေတ္တာကိုလက်ဆောင်ဖဲကြိုးပန်းရောင်နဲ့ပိတ်ကာ ဖယောင်းတိုင်များကုန်သွားသည်အထိမှော်စားပွဲပေါ်တင်ထားပါ။
               ဖယောင်းတိုင်များကုန်သွားပါက အချစ်မှော်သေတ္တာကို မိမိအိပ်ရာထဲတွင်ထားအိပ်ရမည်ြ
ဖစ်ပြီး နောက်နေ့မနက်မှာတော့ လက်ဆောင်သေတ္တာလေးက သင့်ချစ်သူကိုလက်ဆောင်ပေးရန်အဆင်သင့်ဖြစ်နေပြီဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။


It is a love magic box method that is often used by Western magicians and is used to give a gift to a lover. By giving this box as a gift, his love for himself will become stronger, and the love between the two of them will last forever.
 The box should be made with a box of your choice, and the box should be decorated with ribbons in a way that your lover will like. You can make small liver pictures and stick small dolls as you like. Once you've customized the box, you'll need to find nine (9) love-related gifts to put inside the box. For example, love poetry books, Lovely photos of couples, You have to find (9) full kinds of love gifts that will be memorable for him.

 Now, after talking about the preparation part to make the box, we have to continue with the judging part. In the judging part, judge your magic table in a quiet place where no one can disturb you. If you don't know how to judge a magic table, place an empty box on an empty table. Light a red candle to the left of the box and a blue candle to the right. While the candle is burning, 9 kinds of love items will be charged with love and put into the box. Start by placing an item on the magic table. After thinking, close your eyes and imagine you and your lover running happily in a field full of blooming flowers. Do the same with the rest of the items and when you run out, close the box with pink gift ribbon and place it on the magic table until you run out of candles.

 When the candles run out, they must put the love magic box in their bed
The next morning, the gift box will show you that it is ready to give to your lover.

MagicNexus

Post a Comment

0 Comments

Close Menu