မြန်မာ့စုန်းကဝေမျိုးရိုးမှာဆိုရင် မျိုးဆက်(၁)ဆက်ကျော်ပြီး ပညာအမွေပေးလေ့ရှိကြပါတယ်။ ဒါဟာဘာကြောင့်လဲဆိုရင် အဘွားကအမေကို ပညာသင်ပေးလိုက်တယ်။ ဒါပေမယ့် မသုံးစွဲရဆိုတဲ့ ကျိန်စာစည်းမျဉ်းတစ်ခုကန့်သတ်ထားလိုက်တယ်။ ဒီတော့ အမေကပညာသုံးခွင့်မရတော့ပေမယ့် သားသမီးရလာတဲ့အခါ အဲ့ဒီပညာကိုမျိုးရိုးအလိုက်ပြန်ပေးလိုက်တယ်။ ဒါပေမယ့် မသုံးရလို့တော့ မကန့်သတ်တော့ သူ့ရဲ့ သားသမီးတွေက ပညာကိုတတ်လာတယ်။ အဲ့ဒီသားသမီးက အောက်လမ်းအတတ်တွေကို သုံးပြီးနောက်ပိုင်းကြာတဲ့အခါ မကောင်းမှန်းသိလာတယ်။ ဒီတော့ သားသမီးမွေးလာတော့ ပညာကိုလက်ဆင့်ကမ်းခဲ့ပြီး အသုံးပြုခွင့်မပေးတော့ပြန်ပါဘူး..။
အောက်လမ်းစုန်းကဝေမျိုးနွယ်လောကမှာ ဒီလိုပုံစံမျိုး များသောအားဖြင့် သံသရာလည်နေတာကြောင့် မျိုးဆက်တစ်ဆက်ကျော် ပညာဆက်ခံရတယ်ဆိုပြီး အချို့တွေကထင်လာကြပါတယ်။
ဟုတ်ပါပြီ ...။ ဒီတော့အစီအရင်ပိုင်းကိုသွားကြည့်ကြရအောင်။ ပထမဆုံးအဆင့်အနေနဲ့ သင်္ချ ိုင်းမှာ အမဲသားတစ်ပိသာ ညသန်းခေါင်ယံရောက်တိုင်းခေါစာပစ်ပါ။ (၉)ညတိုင်တိုင်လုပ်ပြီးနောက် စနေသမီးအုတ်ဂူကိုဖောက် လူသေအလောင်းကိုအခြားဘက်သို့ဖယ်ကာ လူသေအလောင်းနေရာမှာ ခွေးသေကိုမြှုပ်၊ အဲ့ဒီအပေါ်မှာ သဖန်းပင်တစ်ပင်ကိုစိုက်ပါ။ (၉)လတိတိ လကွယ်ညသန်းခေါင်ယံတိုင်း အမဲသွေးလောင်းပါ။ (၃)နှစ်တိတိကြာတဲ့အခါ အဲ့ဒီသဖန်းပင်ကအခေါက်ကိုခွာ သဖန်းပင်ရှေ့မှာ ကန်တော့ပွဲလုပ်ပါ။ ကန်တော့ပွဲရဲ့အလယ်မှာ ကလပ်ခွက်တစ်ခုထားပြီး ကလပ်ခွက်မှာ သဖန်းခေါက်ကိုတင်ပါ။ ပြီးနောက် မန္တန်ရွတ်ဖတ်မှုများပြုလုပ်ခြင်း၊ ပစ္စည်းအပ်ခြင်း၊ အာဏာစက်တည်စေခြင်း၊ ပစ္စည်းပြန်စွန့်ခြင်းတို့ပြုလုပ်၍ သဖန်းခေါက်ကို သွားလေရာဆောင်သွားပါ။ လူတိုင်းဖိန့်ဖိန့်တုန်အောင်ကြောက်လာစေနိုင်မည်ဖြစ်ပြီး ဘယ်သူမှ သင့်ကိုမော်ကြည့်နိုင်တော့မည်မဟုတ်တော့ပါ။
( မည်သည့်စာအုပ်တွင်မှဖတ်ဖူးခြင်းမရှိဘဲ မကွေးတိုင်းအတွင်းရှိ ရွာတစ်ရွာမှ ပယောဂဆရာတစ်ဦး၏ ပြောကြားချက်ကိုပြန်လည်မျှဝေပါသည်။ မသမာသူများလက်မှ ရှောင်ရှားရန် အချို့နေရာများကိုချန်လှပ်ထားသည်ကိုနားလည်ပေးစေလိုပါကြောင်း ...)
Witchcraft is also a part of magic. Now, the purpose of presenting the history of Myanmar occultism is to let Su Thein know that occultism really existed at one time. Also, in every record, along with the plan, the witchcraft traditions, Studies will be added and explained.
In Myanmar's Soon Kawai lineage, knowledge is often handed down over one (1) generation. Because of this, my grandmother taught my mother. But there was a cursing rule restricting it from being used. So my mother is no longer allowed to use knowledge, but when she has children, she returns that knowledge according to her lineage. But because he was not allowed to use it, he did not limit it, so his children learned knowledge. After that child used bad habits, he realized that it was bad. So, when the children were born, the knowledge was handed down and they were not allowed to use it again...
In the world of the underworld witch tribe, this kind of pattern usually goes around in cycles, so some people think that the education has been passed down for more than one generation.
yes... So let's go to the next section. The first step is to throw a pound of beef at the grave every time midnight arrives. (9) After making a night stand, dig a hole in the grave of Satta, remove the dead body to the other side, and bury the dead dog in place of the dead body. Plant a sycamore tree on it. (9) On the exact night of the full moon, pour blood. (3) When exactly two years have passed, remove the bark from the fig tree and perform a kick ceremony in front of the fig tree. Place a club cup in the middle of the kantak and place the figs in the club cup. After reciting mantras, Delivery of goods establishing authority Take the fig bark with you wherever you go. Everyone will be terrified, and no one will be able to look at you.
(I have never read it in any book, but I am sharing the words of a witch doctor from a village in Magwe Division. I want you to understand that some places have been left out to avoid the hands of fraudsters...)
ကာရှိုင်း (ကြယ်စင်ချစ်သူ)
KCB Center
0 Comments